Monday, 2 November 2015

မိဘကျေးဇူး မြင့်မိုရ်ဦး


         မိကျေးဇူး ဆပ်ပီးကြပီလား

လူသားအားလုံး မမေ့အပ်ဆုံးသော အရာတစ်ခု ရှိပါတယ်။ အခြား မဟုတ်ပါဘူး။ မိဘကျေးဇူးဆပ်ခြင်း ဆိုတာပါပဲ။ မိဘတွေရဲ့ ကျေးဇူးကို ဆပ်ရမယ်ဆိုတာ ကလေးကအစ အားလုံးသိကြပါတယ်။ ကလေးဘ၀ ကတည်းက ပုံပြင်တွေ၊ ကဗျာတွေ၊ အမျိုးမျိုး သင်ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန် အခုအရွယ်ထိ
မိဘ ကျေးဇူးကို ဆပ်ပီးကြပီလား?
ဆပ်ဖို့ရောအကောင်အထည် ဖော်ပီးကြပီလား??၊ မေ့လျှော့ ပေါ့ဆပီးနေမိကြသေးလား??၊
ကိုယ့်ကိုယ်ကို မေးကြည့်သင့်ပါတယ်။ ကိုယ့်မှာပစ္စည်းဥစ္စာ ပြည့်စုံမှ ဆပ်မှာလား?။
ကိုယ့်မှာပြည့်စုံမှဆိုရင်တော့ မဖြစ်နိုင်ပါဘူး မိမိတို့က တဖြည်းဖြည်း ရင့်ကျက် တည်ငြိမ်လာပြီး ပြည့်စုံလာတယ် ပဲထားအုံး မိဘတွေရဲ့ အသက်ကရော၊ ရပ်နေမှာမှမဟုတ်တာ။ သူတို့တွေလည်း အသက်တွေ ကြီးလာမှာပဲ။ ဒီလိုနဲ့ ကျေးဇူးဆပ်ဖို့ ပြင်နေရင်းနဲ့ပဲ မဆပ်လိုက်ရတဲ့ သားသ္မီးတွေလည်း တစ်ပုံကြီးရှိပါတယ်။ မိခင် ဒါမှမဟုတ် ဖခင် တစ်ဦးသာ ရှိတော့တဲ့သူတွေ ဆိုရင် ပိုပြီးတောင် အလေးအနက် ထားသင့်ပါတယ်။ မိဘထက် အရေးကြီးတဲ့သူ၊ မိဘထက် ကျေးဇူးကြီးတဲ့သူ ဆိုတာ ရှိနိုင်ပါ့မလား။ မိဘကျေးဇူး ဆပ်ခွင့်ရတယ်ဆိုတာ တော်ရုံတန်ရုံ အခွင့်အရေးတော့ မဟုတ်ပါဘူး။ ၀မ်းတွင်းမှာ သန္ဓေ စပြီး တည်ကတည်းနေ အခုချိန်ထိ မိဘဆီက မှီခိုမှု ကင်းအောင် ဘယ်လောက် နေနိုင်ပြီလဲ။ အကယ်၍အကြောင်းတခုတခုကြောင့်ဆင်းရဲတွင်းကျသွားရင်ရော မိဘကလွဲပြီး မိမိတို့ကို ဘယ်သူကများ လက်ခံမှာတဲ့လဲ..........။

သည်ကနေ့ အဆင်ပြေနေသမျှ ၊ နောက်တစ်နေ့ အဆင်ပြေနေမယ်လို့ မျှော်မှန်းနိုင်သမျှ အားလုံး မိဘ ကျေးဇူကြောင့်ပါ ။

ငါ့ဘ၀တွင် ရတနာသုံးပါးသည် နိဗ္ဗာန်၊ အမေသည် အသက်သခင်၊ အဖေသည် မီးရှူးတိုင်၊ ဆရာသည် လမ်းပြကြယ်...
ငါ့ဘ၀တွင် ငါ့မိဘသာ ရှိနေပါစေ။ ဒုက္ခဟူသမျှ
ကင်းဝေးမယ်လို့ ....လို့ယုံကြည်ထားသင့်ပါတယ်။

ငွေနဲ့ အရာရာကို ဖန်တီးယူနိုင်တယ်တဲ့။ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မိဘတို့ရဲ့ မေတ္တာ၊ စေတနာ၊ အနစ်နာခံမှု တွေကိုတော့ ငွေနဲ့ လဲလို့ မရပါဘူး။

မိခင်တိုင်းရဲ့ရင်ခွင်ဟာ သားသ္မီးတိုင်းအတွက် ဆောင်းမှာ နွေးထွေးမှုကို ပေးနိုင်သလို နွေမှာလည်း အေးမြမှုကို ပေးစွမ်းနိုင်ပါတယ်။

အပူမီးကုဋေ အမေ့ရင်မှာ ၀န်းရံသော်လည်း အပြုံးမပျက် သားမှေးဆက်ရန် သားချော့တေးသံကို ရင်တွင်းလှိုက်လှိုက်လှဲလှဲ သီဆိုနေတာမိဘပါ ။

လပြည့်ည လ၀န်းထက် အမေ့မျက်ဝန်းက ပို၍ စိုရွှန်းတောက်ပပါတယ်

မိမိတို့ဘဝမှာ ပထမအချစ်က မိခင်၊
ဒုတိယနှလုံးသား ကဖခင်။

လောကမှာ မိမိအပေါ် ဘယ်သူတွေ မေတ္တာပျက်ပျက်၊ မိဘနှစ်ပါးက မေတ္တာမပျက်ဘူး။

စီးပွားရေး တောင့်တင်း ခိုင်မာသူတို့သည် မိဘအား ထောက်ပံ့ ကြည့်ရှုနိုင်ခြင်းဟူသော ကြီးမားသော ဆုလဘ်ကို ရရှိကြသည်။

စီးပွားမရှာနိုင်သေးသူတို့သည်လည်း
မိဘတွေကို စိတ်ချမ်းသာအောင်နေထိုင်ခြင်းဖြင့်
မိဘကျေးဇူးကို ဆပ်ရာရောက်သည်

မသိတတ်ခင်က မိဘကို စိတ်ညစ်စေတာကို ထားလိုက်တော့။ အခု သိတတ်ပြီ။ မိဘကို ပျော်ရွှင်ပါစေတော့။

မိဘကျေးဇူးကို ဆပ်ခွင့်ရတုန်းမှာ အရအမိဆပ်ပါ။
သားသမီးတိုင်း ကိုယ့်ဝန်တာ ကိုကျေပွန်နိုင်ကြပါစေ...

No comments:

Post a Comment