လူ့တန်ဖိုး
**လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာသူ
တစ်ဖက်ပါးကမိမိကိုဘယ်လောက်အသုံးပြုလို့ရသလဲဆိုတဲ့အချက်အပေါ်မှာ
မူတည်ပါတယ်။လူအများအတွက်အသုံးပြုလို့ရလေမိမိရဲ့တန်ဖိုးတက်လေပါဘဲ။ဥပမာအိုင်စတိုင်း
လင်ကွန်း ဗိုလ်ချုပ်အောင်ဆန်းစသည့်သူများကိုကြည့်ပါ။
သူတို့ဟာလူများစွာအတွက်အကျိုး
ပြုပေးတာမို့လို့ သူတို့ရဲ့တန်ဖိုးဟာမည်သူကမှ
ဆုတံဆိပ်တွေပေးစရာမလိုဘဲ
လူသားတွေရဲ့နှလုံးသားမှာ တံဆိပ်ခတ်နှိပ်ပီးဖြစ်လို့
တန်ဖိုးအရမ်းကြီးမားတဲ့သူတွေဖြစ်ပါတယ်။
လူတစ်ယောက် ဟာလူလုပ်တတ်ဖို့
အရေးကြီးပါတယ်။
လူလုပ်တယ်ဆိုတာဘလူပီသအောင်
ပြောဆိုနေထိုင်ကျင့်ကြံဖို့ပြောတာပါ။
လူနဲ့တူအောင်နေဖို့ပြောတာပါ။ လူစိတ်ရှိဖို့ပြောတာပါ။မိမိဟာသူတစ်ပါးကို
အောက်ကိုဆွဲချတဲ့လူမဖြစ်ပါစေနဲ့။
အထက်ကိုတွန်းတင်ပေးနိင်တဲ့သူဖြစ်
ပါစေ။အရေးကြီးဆုံးကလူဆိုတာတိရိစ္ဆာန်တွေ
မဟုတ်လို့အချင်းချင်း မကိုက်မိပါစေနဲ့။
တစ်ချို့လူတွေဟာတိရိစ္ဆာန်
ထက်ဆိုးပါတယ်။ ခြသေ့င်္တစ်ကောင်ဟာ
သားကောင်ကိုစားပြီးဗိုက်ဝသွားရင်
အခြားအကောင် ဝင်စားလဲမနာလို မဖြစ်ပါဘူး။
အနှောင့်အယှက်မပေးပါဘူး။ လူအချို့ကတော့ပါးစပ်ထဲမှာလည်းပလုတ်ပလောင်း
ရှိသမျှကိုလဲ ခြေတွေလက်တွေနဲ့ဖိပြီး
ငါ့ဟာတွေဆိုပီး လုပ်ထား
လွတ်နေတဲ့မျက်စိကမြင်နေရတာကိုလည်းသူ့ဟာဆိုပြီး ခြိမ်းခြောက်ထားသူတွေ ရှိနေပါ
တယ်။လူစိတ်ကင်းမဲ့သူတွေလို့ဆိုရမှာပါ။
သူများတကာအကျိုးပျက်စီးရာ
ပျက်စီးကြောင်း ဆုတ်ယုတ်ရာ ဆုတ်ယုတ်ကြောင်း
ကို တွေးတော ကြံစည် ပြုမူသူတွေဟာ
မင်္ဂလာမရှိတဲ့သူတွေပါ။
ထိုသူများကို မင်္ဂလာ ကျက်သရေမရှိသူတွေလို့
ဆိုရပါလိမ့်မယ်။ ဒါကြောင့်ကျွန်တော်တို့ဟာဗုဒ္ဓ၏ဆိုဆုံးမမှုနှင့်အညီ မင်္ဂလာရှ်ိသူတွေ
ဖြစ်အောင်နေရပါလိမ့်မယ်။ မင်္ဂလာရှိသူတွေများတဲ့
အရပ်ဟာမင်္ဂလာရှိတဲ့ အရပ်ဖြစ်မှာပေါ့။
အမင်္ဂလာအရပ်တော့
မဖြစ်သင့်ပါဘူးလို့ဆိုချင်ပါတယ်။*****
Saturday, 27 February 2016
လူတယောက်ရဲ့တန်ဖိုး
ကောင်းသောအတွေး ကောင်းသောအကြံ
အတွေးအကြံ
လူသားတို၏ စိတ်အတွင်းရှိအတွေးအကြံတို့သည်
အဖြစ်အပျက်တို့အား ဖန်ဆင်း၏။
လူသားတို့၏လက်ရှိအဖြစ်သည် လူသားတို့၏
စိတ်အာရုံ၌တည်ရှိခဲ့သောအတွေးအကြံတို့၏
စီမံဖန်တီးထားမှုများသာ ဖြစ်သည်။
လူတစ်ယောက်၏ စိတ်အာရုံ၌ မကောင်းသော
အတွေးအကြံများရှိငြားအံ့။
ထိုသူထံသို့ဒုက္ခများမကောင်းမှုများသည်
နွားနောက်ကလာသည့် လှည်းဘီးပမာ
မခွာတန်းလိုက်ပါ၏ ။
အတိတ်ဆိုတာ အရိပ်ပမာ မခွာတန်း လိုက်ပါ၏ ။
အကယ်၍ လူတစ်ယောက်သည်
စင်ကြယ်သော အတွေးအကြံအားဖြင့်သာ
တည်ကြည်စွာရှိငြားအံ့။ သုခချမ်းသာ
မှုသည်အရိပ်ပမာထက်ကြပ်လိုက်ပေ
လိမ့်မည်။ မည်သို့ပင်နာမည်ဖျက်ဖျက်
ဂွင်ဆင်ဆင် စင်ကြယ်သူ၏ ကောင်းသော
အတွေး အကြံ အလုပ်ကို
အနှောင့်အယှက်မပြုနိင်။*******************
တည့်တည့်လျောက်
မြတ်ဦး
တည့်တည့်လျှောက်
**ငယ်စဉ်အခါကတော့မိဘဆွေမျိုးများ၏ကူညီမှုဖြင့်ကြီးပြင်းခဲ့ရသလို
ကိုယ့် ခြေထောက်ပေါ်ကိုရပ်နိင်လာတော့
ကူညီသူကတစ်ဦး နှိပ်ကွပ်သူကတစ်ရာ ဆိုသလို
ကြုံဆုံ တတ်ကြပါတယ်
ပိုဖြူစင်လေ ပိုနှိပ်ကွပ်လေ ဆိုတာဖြစ်လာခဲ့ရင်
စိတ်ဓာတ်ကျချင်စရာ စိတ်ပျက်စရာတွေနဲ့
ကြုံရတတ်ပါတယ်။
တကယ်တော့
စိတ်ဓာတ်သည်သာအဓိကဖြစ်သည်။
လောဂဓံ လှိုင်းစုက် ဘယ်လိုပင် ပုတ်ပုတ်
နောက်တွန့်နေဖို့ မလိုပါဘူး ။
ကိုယ့်မကောင်းကြောင်းပြော
အဖျက်စကားဆိုသည့်ခပ်ညံ့ညံ့ ငနဲသားများကို
ဂရုစိုက်စရာမလိုပါဘူး ။ ဒီတိုင်းဆိုရင် ဖြစ်ပါ့မလား
ဆိုတဲ့ စိတ်ကိုမြောင်းထဲကန်ချလိုက်ပါ။
ကြိုးစားလုပ်ပါ မသေခင်ထိဖြစ်နိင်ပါသည်။
ရနိင်ပါသည်။ သူလိုငါလိုလူတွေကြားထဲမှာ သူတို့၏
အဖျက်စကားများကြားမှာ ငြိမ်သက်နေစရာမလို။
လူသည်သူ့အလှည့်နှင့်သူပေးသည်။
ကိုယ့်အလှည့်ရောက်လျှင်အမြင့်ဆုံး
တက်နိင်ဖို့ပြင်ထား။ မိမိကို
မှန်မှန်ကန်ကန်တွဲခေါ်မဲ့သူမရှိလည်းအရေးမကြီး။
အရေးကြီးသည်က မိမိကိုယ်မိမိ POWER မြှင့်ထားဖို့ပင် ။ မိမိကိုမိမိယုံကြည်မှုရှိဖို့ပင် ။
ငါဒီနေ့မလုပ်နိင်သေးလျှင်တစ်နေ့
ငါလုပ်နိင်ရမည်ဟူသောစိတ်မွေးဖို့ပင်။
ယင်းစိတ်သည်သင့်ကိုအောင်မြင်စေမည်။
ခပ်ညံ့ညံ့ငနဲများ၏အကြည့်များ
အဖျက်စကားများ အခေါ်အပြောများကို ဂရုစိုက်နေလျှင်လမ်းလွှဲသွားနိင်သည်။
Self control လုပ် ကိုယ့်အားကိုကိုး
ယုံကြည်ချက်ထား။ ဒါဆိုတစ်နေ့သူတို့
ထက်အများကြီးတာသွားလိမ့်မည်။ ****
စိတ်ထားကောင်း
စိတ်ထားကောင်း
စိတ်ထား × အတတ်ပညာရပ် =အရည်အချင်းဖြစ်ပါတယ်လို့စိတ်ပညာရှင်တွေကဆိုပါတယ်။
စိတ်ထားကောင်းဟာ ZEROဖြစ်နေမယ်
အရည်အချင်းဟာ၁၀၀မှတ်ရနေအုံးတော့မြှောက်ကြည့်လိုက်ရင်Zero ဘဲရပါလိမ့်မယ်။
စိတ်ထားကောင်းက ၂၀မှတ်
အရည်အချင်းက၁၀၀ဆိုရင်၂၀၀၀ မှတ်ရမှာဖြစ်ပြီး
စိတ်ထားကောင်းက၁၀၀အရည်အချင်းက၁၀၀
ဆိုရင်တော့ ၁၀၀၀၀ မှတ် ရပါလိမ့်မယ်။
တန်ဖိုးရှိတဲ့လူတယောက်ဖြစ်ချင်တယ်ဆိုရင်
စိတ်ထားကောင်းဖို့အဓိက လိုပါတယ်
စိတ်ထားမှ မကောင်းဘူးဆိုရင်ဖြင့် ထိုသူဟာ
လူ့အောက်တန်းစား လူZERO ဖြစ်မှာမလွဲပါဘူး
စိတ်ထားကောင်း ကောင်းကောင်း
မွေးနိုင်ကြပါစေ
*****
လူ့တန်ဖိုး
လူ့တန်ဖိုး
**လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာသူ
တစ်ဖက်ပါးကမိမိကိုဘယ်လောက်အသုံးပြုလို့ရသလဲဆိုတဲ့အချက်အပေါ်မှာ
မူတည်ပါတယ်။လူအများအတွက်အသုံးပြုလို့ရလေမိမိရဲ့တန်ဖိုးတက်လေပါဘဲ။ဥပမာအိုင်စတိုင်း
လင်ကွန်း ဗိုလ်ချုပ်အောင်ဆန်းစသည့်သူများကိုကြည့်ပါ။
သူတို့ဟာလူများစွာအတွက်အကျိုး
ပြုပေးတာမို့လို့ သူတို့ရဲ့တန်ဖိုးဟာမည်သူကမှ
ဆုတံဆိပ်တွေပေးစရာမလိုဘဲ
လူသားတွေရဲ့နှလုံးသားမှာ တံဆိပ်ခတ်နှိပ်ပီးဖြစ်လို့
တန်ဖိုးအရမ်းကြီးမားတဲ့သူတွေဖြစ်ပါတယ်။
လူတစ်ယောက် ဟာလူလုပ်တတ်ဖို့ အရေးကြီးပါတယ်။
လူလုပ်တယ်ဆိုတာဘလူပီသအောင်
ပြောဆိုနေထိုင်ကျင့်ကြံဖို့ပြောတာပါ။
လူနဲ့တူအောင်နေဖို့ပြောတာပါ။ လူစိတ်ရှိဖို့ပြောတာပါ။မိမိဟာသူတစ်ပါးကို
အောက်ကိုဆွဲချတဲ့လူမဖြစ်ပါစေနဲ့။
အထက်ကိုတွန်းတင်ပေးနိင်တဲ့သူဖြစ်
ပါစေ။အရေးကြီးဆုံးကလူဆိုတာတိရိစ္ဆာန်တွေ
မဟုတ်လို့အချင်းချင်း မကိုက်မိပါစေနဲ့။
တစ်ချို့လူတွေဟာတိရိစ္ဆာန်
ထက်ဆိုးပါတယ်။ ခြသေ့င်္တစ်ကောင်ဟာ
သားကောင်ကိုစားပြီးဗိုက်ဝသွားရင်
အခြားအကောင် ဝင်စားလဲမနာလို မဖြစ်ပါဘူး။
အနှောင့်အယှက်မပေးပါဘူး။ လူအချို့ကတော့ပါးစပ်ထဲမှာလည်းပလုတ်ပလောင်း
ရှိသမျှကိုလဲ ခြေတွေလက်တွေနဲ့ဖိပြီး
ငါ့ဟာတွေဆိုပီး လုပ်ထား
လွတ်နေတဲ့မျက်စိကမြင်နေရတာကိုလည်းသူ့ဟာဆိုပြီး ခြိမ်းခြောက်ထားသူတွေ ရှိနေပါ
တယ်။လူစိတ်ကင်းမဲ့သူတွေလို့ဆိုရမှာပါ။
သူများတကာအကျိုးပျက်စီးရာ
ပျက်စီးကြောင်း ဆုတ်ယုတ်ရာ ဆုတ်ယုတ်ကြောင်း
ကို တွေးတော ကြံစည် ပြုမူသူတွေဟာ
မင်္ဂလာမရှိတဲ့သူတွေပါ။
ထိုသူများကို မင်္ဂလာ ကျက်သရေမရှိသူတွေလို့
ဆိုရပါလိမ့်မယ်။ ဒါကြောင့်ကျွန်တော်တို့ဟာဗုဒ္ဓ၏ဆိုဆုံးမမှုနှင့်အညီ မင်္ဂလာရှ်ိသူတွေ
ဖြစ်အောင်နေရပါလိမ့်မယ်။ မင်္ဂလာရှိသူတွေများတဲ့
အရပ်ဟာမင်္ဂလာရှိတဲ့ အရပ်ဖြစ်မှာပေါ့။
အမင်္ဂလာအရပ်တော့
မဖြစ်သင့်ပါဘူးလို့ဆိုချင်ပါတယ်။*****
ဆရာမြတ်ဦး ဘလော့မှ ကူးယူမှက်သားပါသည် ။
လူ့တန်ဖိုး
မိမိပြုသမျှ
**စိုက်သောအပင်၏အသီးကိုသာစားရပေမည်။
သူတစ်ပါးအားစေတနာထားပီး
ဆက်ဆံလျှင် စေတနာကိုပြန်ရပေမည်။
သူတစ်ပါးအား အာဃာတထားလျှင်
အာဃာတဖြင့် တုန့်ပြန်ခြင်းခံရပေမည်။
ထို့ပြင်တစ်ဖက်လူအား လေးလေးစားစားဖြင့်
ဆက်ဆံသင့်ပေသည်။
ရီစရာ ပြောသည်မှအပ လေးစားမှုထားလျှင်
အကောင်းဆုံးပင်ဖြစ်ပေသည်။
သင်သည် မည်မျှတတ်သည် တော်သည်ဖြစ်စေ
မည်မှရာထူးရှိသည်ဖြစ်စေ မည်မျှ
အသိုင်းအဝိုင်းကောင်း ငွေကြေးပြည့်စုံသည်ဖြစ်စေ
တစ်ဖက်လူအားဂရုမစိုက်လျှင်
သူတို့ကလည်းဂရုစိုက်မည်မဟုတ်ပေ။
လူတို့သည်ဟက်ဟက်ပက်ပက်မရှိခြင်းကို
သတိပြုတတ်ပြီးနာကျင်တတ်ကြသလို
သင်၏ရင်းနှီးဖော်ရွှေမှုကိုလည်း သတိတရ
မှတ်မှတ်ထင်ထင်ရှိတတ်ကြသည်။
********
Sunday, 21 February 2016
ကိုယ်ပိုင် မှက်စုလေးပါ
အလင်းသစ်ရဲ့ဖေ့ဘုက်အကောင့်လေးတွေကို ဝင်ပီး
ရီပို့ လှူသွားကြတယ် 12 နာရီလောက်လော့ကျိသွားတယ်
ချစ်ဆုံးတပည့် ချစ်ဆုံးညီမလေးလဲအကောင့် ကျသွားတယ်
ဖေ့ဘုက်က fake အကောင့်တွေမှ မဟုတ်ပဲ id နဲ့ဆိုတော့
ခနပါပဲ ပြန်ဖွင့်ပေးတယ် ကံကောင်းတာပေါ့
ချစ်ညီမလေးအကောင့်လဲ ရမ်းတုတ် မှန်းတုတ်တာ
ပြန်ပွင့်တာပေါ့ ။ စိတ်မကောင်းယုံပါပဲ
ထိခိုက်နစ်နာမှု မရှိလို့ မေတ္တာ မပျက်ခဲ့ပါဘူး ။
Monday, 15 February 2016
သုံးသပ်ပါ ဝေဖန်ပါ
အချို့သော ပုဂ္ဂိုလ် များသည်အမှန်တရားကို
မြတ်နိုးကြပြီး အမှန်တရားကိုရှာဖွေရန်ကိုမူ မသိကျိးကျွန်ပြုတတ်ကြသည် ။
ဆင်ခြင်တုံတရားကို တဖက်စကားနဲ့ နားမယောင်နဲ့
သိက္ခာကို ရိက္ခာနဲ့ မလဲပါနဲ့
အရာရာကို မိမိဦးနှောက် မိမိအသိဥာဏ်ဖြင့် သုံးသပ်ပါ
ကြုံရ ဆုံရ ဘုံဘဝ
( 10/02/2016 )
ပြောစရာလေးကတော့ရှိလာပီဗျာ …
မှားရင်တော့သီးခံ ၊ဝေဘန်ခါထောက်ရှု ၊ သဘောတော်မတူ
ရွှေစိတ်တော်ငြူ ခဲ့ရင်ဖြင့်
အလိုတော်အတိုင်းပါပဲရယ်ပေါ့ … … …
ဒီလို ဒီလိုပါဗျာ အဒေါ် အရင်းရဲ့သား ညီဝမ်းကွဲလေးပေါ့
သူ့ရဲ့မင်္ဂလာပွဲ ဝင်နွဲမယ်လို့ ကိုယ်ကြံစည် တတ်နိုင်တာက
လျှက်စစ်မီး ၊ ဆောင်းဘောက် ၊ အခမ်းအနားအပြင်အဆင်
ကူညီကါဖေးမ သွေးကပြောတဲ့စကား အလကါးပေါ့ … …
ဒါပေမဲ့လည်း ကြားရတဲ့စကား ခါးလှပေါ့ ရွာခံလူငယ်အချို့ မနှစ်မြို့လို့ သူတို့ဘောက်မှ မဖွင့်ရ မလာကြ ဆိုပါလား
… ...အော် …
ကြားရတဲ့အသံ နားဝမှာလျှံထွတ် ကဲရှိစေတော့ပေါ့
ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ မုဆိုးမအဒေါ် သနားတော်မူပါ့
တတ်နိုင်ဘူးလေ ဝေးရာကရှား တော်ရာနားကပဲ
ကြည့်နေပါတော့မယ် … … …
အမယ်မင်း ကျေနပ်တော်မူပါလော့ အရပ်ကတို့
Saturday, 13 February 2016
ဖေ့ဘုက်ဆိုင်ရာ pdf
ဖေ့ဘုက်ဆိုင်ရာ စာအုပ်လေးတွေပါ
ဆရာတွေဆီက မလာတာ အားလုံး ကော်ပီတွေပါ
fb photo lock ဖြည်နည်း(pdf)
ဒေါင်းရန်လင့်
fb phone lock ဖြည်နည်း(pdf)
ID lock ဖြည်နည်း(pdf)
Name lock တင်နည်း(pdf)
ဖုန်းထဲကမှားဖျက်မိတဲ့ဒေတာတွေ ပြန်ယူဖို့
ဖုန်းထဲမှာ ဓါက်ပုံတွေ သီချင်းတွေ ဖုန်းနံပါတ်နဲ့
ပို့ထားတဲ့ မက်ဆေ့တွေ မှားဖျက်မိတဲ့ ပြန်ရှာဖို့အတွက်
ဆော့ဝဲ ကောင်းလေးတခုပါ ။ copy မှက်စု
fri စာရင်းပိတ်ထားမယ်
fb မှာ မိမိသူငယ်ချင်း စာရင်းတွေကို သူများမမြင်စေချင်းဘူး
ဆိုရင် မမြင်အောင် ပိတ်နည်းလေးပါ
pdf စာအုပ်လေးနဲ့လုပ်ပြထားတော့ နားလည်တာပေါ့
မြန်မာသံစဉ် တေးသီချင်း
မြန်မာသံစဉ် တေးစီးရေးတခုပါ နားထောင်ရတာ
အေးအေးငြိမ့်ငြိမ့် ရှိလို့ တင်ထားတာပါ ။
စိုးစန္ဒာထွန်း သီဆိုထားတဲ့ မဏိစန္ဒာရဲ့ ချစ်အာရုံ စီးရီးခွေပါ
fb ဗားရှင်း 65
ဒေါ့င်းလို့ကိုမဆုံးနိုင်ဘူး
fb ဗားရှင်းတွေက ပေါ်ပီးရင်းပေါ်ရင်းပဲ
ဒီတခါတော့ ဗားရှင်း 65 ပါတဲ့ သုံးကတာတော့
ပေါ့ပါးသွက်လက်ပါတယ် MB 33 ဆိုက်လောက်ရှိပါတယ်
fb Auto Likes ဆော့ဝဲ
မိမိတင်လိုသောပိုစ်ကို public ဖြင့်တင်ပါ
ပီးရင်ဒေါင်းထားတဲ့ဆော့ဝဲဖွင့်ပီး မိမိfb အကောင့်ဖြင့်ဝင်ပါ
Auto likes ကိုနှိပ်ပီးခနစောင့် Post ကိုနှိပ်ပါ
မိမိ like များများလိုချင်သော ပိုစ်ကိုရှာပါ တွေ့လျှင်
ပိုစ်အောက်နားလေးမှာ ကိုလိုချင်တဲ့ like အရေအတွက်ကို
ရွေးပေးလိုက်ယုံပါပဲ အများဆုံး 210 အထိရပါတယ်
ဒီထက်များများလိုချင်ရင်တော့ 15 မိနစ်တကြိမ် ပြန်ဝင်ပီး
လုပ်ပေးပေါ့ ok