Sunday, 6 December 2015

သံဃာတော်အရှင်မြတ်များ ညာဘက်ပုခုံးဖော်ထားရခြင်း အကြောင်း


"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော် ဖြင့်
ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"
~~~~~~~~~~~~~~~~~~~~~~~

ဘုရားသာသနာမှာ လက်ဝဲတော်ရံ နဲ့ လက်ယာတော်ရံဆိုတာ ရှိပါတယ် ။

လက်ဝဲတော်ရံဆိုတာက
"တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ"

လက်ယာတော်ရံဆိုတာ
"ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါ"

..တန်ခိုးက လက်ဝဲ၊ ပညာကလက်ယာ...
လို့ တင်စားရမှာပါ
တန်ခိုးဆိုတာ အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံတံခွန်ဖြစ်ပါတယ်။
ပညာဆိုတာကတော့ ၀ိပဿနာပညာ၊ မဂ်ပညာ
ဖိုလ်ပညာကနေ နိဗ္ဗာန်ရောက်ကြောင်းပညာပါ။
ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ ဆန်းကြယ်
လှပါတယ် ။
တန်ခိုးရဲ့  ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်တတ်ပါတယ်၊ မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာမလွဲပါဘူး။ သာသနာကွယ်ပြီ ဆိုတာနဲ့  သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း ကွယ်တာပါ။
ဒါ့ကြောင့်လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို
လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား ဆင့်ထားရတယ်။တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။
တန်ခိုးဆိုတာ မိန်းမော သာယာနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ပါဘူး။ တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊
ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာပါ၊ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးလွှမ်းထားပီး။ပညာကိုကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ ဖွင့်ပြထားတာပါ ဖော်ထားရတာပါ ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး

No comments:

Post a Comment