Thursday, 3 August 2017

ဖြူစင်တဲ့အဝတ်နဲ့ အများသုံးတဲ့လတ်နှီးစုတ်


ရှေးတုန်းကရသေ့ကြီးတပါးရှိခဲ့တယ်
တနေ့ကျတော့ ရသေ့ကြီးက
ကန်ကြီးတကန်ထဲကို ရေချိုးဆင်းတယ်
အဲဒီကန်ကြီးမှာက ကြာပန်းတွေ.ဖူးပွင့်
ဝေဆာပီး.မွှေးကြိုင်နေတယ်
ကန်ထဲရောက်တော့ ရသေ့ကြီးဟာ
ကြာပန်းတွေရဲ့.မွှေးကြိုင်တဲ့ရနံ့ကို
အားပါးတရ.မွှေးကြူလိုက်တယ်
အဲဒီတခနမှာပဲ ကန်ကိုစောင့်တဲ့
နတ်သမီးဟာ ရသေ့ကြီးကို ကိုယ်ထင်
ပြပီး ရသေ့ကြီးကို.သူခိုးလို့စွပ်ဆွဲတယ်

နတ်သမီးက
(အရှင်ရသေ့ကြီး  ကျွန်ုပ်ပိုင်ဆိုင်တဲ့
 ဒီရေကန်ကြီးမှာရှိနေတဲ့ကြာပင်
ကြာစွယ်တွေကိုကျွန်ုပ်ပိုင်ဆိုင်တယ် ကြာပန်းတွေကထွက်တဲ့ ရနံ့ကိုလဲ
ကျွန်ုပ်ဆိုင်ပါတယ်
ကျွန်ုပ်ပိုင်ဆိုင်တဲ့ ကြာပန်းတွေရဲ့
ရနံ့ကို ကျွန်ုပ်မပေးပဲ.ရသေ့ကြီး
ရှုရှိုက်ခြင်းဟာ.ခိုးယူရာရောက်ပါတယ်)

ဒီလိုစွပ်ဆွဲတဲ့အခါ ရသေ့ကြီးက
တခန ဆွံ့အ သွားခဲ့တယ်
ဘယ်လိုပြန်ချေပရမလဲ စဉ်းစားရင်း
ပတ်ဝန်းကျင်ကိုလေ့လာတဲ့အခါ
သူရှိနေတဲ့ကန်ရဲ့.ဟိုးဘတ်ခြမ်းမှာ
ယောက်ျားတယောက်ဟာ.ကြာပန်းတွေကို ခူးဆွတ်နေတာ သွားတွေ့တဲ့အခါ
နတ်သမီးကိုပြန်လည်ချေပတယ်

(နတ်သမီး  ကန်ကြီးရဲ့ဟိုးဘတ်အခြမ်း
မှာ ယောက်ျားတယောက် ကြာပန်း
တွေကို ခူးယူချိုးဖြတ်နေပါတယ်
သင်က ဒါကျတော့ မပြောပဲ
ငါအနဲ့လေးသာရှုမိတာကိုကျတော့
ဘာကြောင့်ပြောရပါသလဲ)

အဲဒီကိုချေပတဲ့အခါ နတ်သမီး
( ရသေ့ကြီး ထိုသူသည် အကျင့်သီလ
မရှိသောသူသာဖြစ်ပါတယ်
အများသုံးတဲ့.လတ်နှီးစုတ်နဲ့တူပါတယ်

သင်ရသေ့ကြီးသည်ကား
သီလဖြူစင်တဲ့အတွက်
မသုံးရသေးတဲ့.ဖြူစင်တဲ့အဝတ် နဲ့
တူပါတယ်
ဒါကြောင့် ဖြူစင်တဲ့သီလရှိတဲ့
ရသေ့ကြီးကို မညစ်နွမ်းစေချင်တဲ့
အတွက်ကြောင့်သာ
ခုလိုပြောဆိုရခြင်း.ဖြစ်ပါတယ်)

အဲလိုရှင်းပြတဲ့အခါ ရသေ့ကြီးက
အရမ်းသဘောကျသွားတဲ့အတွက်

နတ်သမီးကို ပြောတယ်
(အသင်နတ်သမီး ခုလိုသတိပေးတာ
နတ်သမီးကို.ကျေးဇူးတင်ပါတယ်
နောင်ကိုလဲ.အခုလိုပဲသတိပေးဆုံးမပါ)

အဲလိုပြောတဲ့အခါ နတ်သမီးက
(ရသေ့ကြီး ငါသည်.သင့်ရဲ့အခစား
မဟုတ်တဲ့အတွက်ကြောင့်
အမြဲလာပီးမပြောနိုင်ပါဘူး
အဓိက ကတော့ သင့်ကိုသင်သာ.စောင့်ရှာက်ရမှာပါ

ပုံလေးကဒီလောက်ပါပဲ
ဆိုလိုချတ်က
သင်သည်
အများသုံးတဲ့.လတ်နှီးစုတ်လိုလူလား
ဖြူစင်တဲ့အဝတ်နဲ့.တူတဲ့လူလား
ဆုံဆုံးမလွယ်တဲ့.သူလား
ကိုယ်တိုင်ပဲ.ရွေးချယ်ရမှာပါ

No comments:

Post a Comment