Saturday, 27 February 2016

တည့်တည့်လျောက်

မြတ်​ဦး

တည့်​တည့်​​လျှောက်
**ငယ်​စဉ်​အခါက​တော့မိဘ​ဆွေမျိုးများ၏​ကူညီမှုဖြင့်​ကြီးပြင်းခဲ့ရသလို
ကိုယ့်​ ​ခြေ​ထောက်​​ပေါ်ကိုရပ်​နိင်​လာ​တော့
ကူညီသူကတစ်​ဦး နှိပ်​ကွပ်​သူကတစ်​ရာ ဆိုသလို
ကြုံဆုံ တတ်ကြပါတယ်
ပိုဖြူစင်​​လေ ပိုနှိပ်​ကွပ်​​လေ ဆိုတာဖြစ်လာခဲ့ရင်
   စိတ်​ဓာတ်​ကျချင်​စရာ စိတ်​ပျက်​စရာတွေနဲ့
ကြုံရတတ်ပါတယ်​။  
                         တကယ်တော့
စိတ်​ဓာတ်​သည်​သာအဓိကဖြစ်​သည်​။
လောဂဓံ လှိုင်းစုက် ဘယ်လိုပင် ပုတ်ပုတ်
နောက်​တွန့်​နေဖို့ မလိုပါဘူး ။
ကိုယ့်မ​ကောင်း​ကြောင်း​ပြော
အဖျက်​စကားဆိုသည့်​ခပ်​ညံ့ညံ့ ငနဲသားများကို
ဂရုစိုက်​စရာမလိုပါဘူး ။ ဒီတိုင်းဆိုရင် ဖြစ်ပါ့မလား
ဆိုတဲ့ စိတ်​ကို​မြောင်းထဲကန်​ချလိုက်​ပါ။
ကြိုးစားလုပ်ပါ မ​သေခင်​ထိဖြစ်​နိင်​ပါသည်​။
ရနိင်​ပါသည်​။ သူလိုငါလိုလူ​တွေကြားထဲမှာ သူတို့၏
အဖျက်​စကားများကြားမှာ ငြိမ်​သက်နေစရာမလို။
လူသည်​သူ့အလှည့်​နှင့်​သူ​ပေးသည်​။
ကိုယ့်​အလှည့်​​ရောက်​လျှင်​အမြင့်​ဆုံး
တက်​နိင်​ဖို့ပြင်​ထား။         မိမိကို
မှန်မှန်ကန်ကန်တွဲ​ခေါ်မဲ့သူမရှိလည်းအ​ရေးမကြီး။
အ​ရေးကြီးသည်​က မိမိကိုယ်​မိမိ POWER မြှင့်​ထားဖို့ပင်​ ။  မိမိကိုမိမိယုံကြည်​မှုရှိဖို့ပင် ။
ငါဒီ​နေ့မလုပ်​နိင်​​သေးလျှင်​တစ်​​နေ့
ငါလုပ်​နိင်​ရမည်​ဟူ​သောစိတ်​​မွေးဖို့ပင်​။
ယင်းစိတ်​သည်​သင့်​ကို​အောင်​မြင်​​စေမည်​။
ခပ်​ညံ့ညံ့ငနဲများ၏အကြည့်​များ
အဖျက်​စကားများ အ​ခေါ်အ​ပြောများကို ဂရုစိုက်​​နေလျှင်​လမ်းလွှဲသွားနိင်​သည်​။
Self control လုပ်​ ကိုယ့်​အားကိုကိုး
ယုံကြည်​ချက်​ထား။ ဒါဆိုတစ်​​နေ့သူတို့
ထက်​အများကြီးတာသွားလိမ့်​မည်​။ ****

No comments:

Post a Comment