Saturday, 27 February 2016

လူတယောက်ရဲ့တန်ဖိုး


လူ့တန်​ဖိုး
**လူတစ်​​ယောက်​ရဲ့တန်​ဖိုးဆိုတာသူ
တစ်​ဖက်​ပါးကမိမိကိုဘယ်​​လောက်​အသုံးပြုလို့ရသလဲဆိုတဲ့အချက်​အ​ပေါ်မှာ
မူတည်​ပါတယ်​။လူအများအတွက်​အသုံးပြုလို့ရ​လေမိမိရဲ့တန်​ဖိုးတက်​​လေပါဘဲ။ဥပမာအိုင်​စတိုင်း
လင်​ကွန်း ဗိုလ်​ချုပ်​​အောင်​ဆန်းစသည့်​သူများကိုကြည့်​ပါ။
သူတို့ဟာလူများစွာအတွက်​အကျိုး
ပြု​ပေးတာမို့လို့ သူတို့ရဲ့တန်​ဖိုးဟာမည်​သူကမှ
ဆုတံဆိပ်​​တွေ​ပေးစရာမလိုဘဲ
လူသား​တွေရဲ့နှလုံးသားမှာ တံဆိပ်​ခတ်​နှိပ်ပီးဖြစ်လို့
တန်​ဖိုးအရမ်းကြီးမားတဲ့သူ​တွေဖြစ်​ပါတယ်​။
လူတစ်​​ယောက်​ ဟာလူလုပ်​တတ်​ဖို့
အ​ရေးကြီးပါတယ်​။
လူလုပ်​တယ်​ဆိုတာဘလူပီသ​အောင်
ပြောဆို​နေထိုင်​ကျင့်​ကြံဖို့​ပြောတာပါ။
လူနဲ့တူ​အောင်​​နေဖို့​ပြောတာပါ။ လူစိတ်​ရှိဖို့​ပြောတာပါ။မိမိဟာသူတစ်​ပါးကို
အောက်​ကိုဆွဲချတဲ့လူမဖြစ်​ပါ​စေနဲ့။
အထက်​ကိုတွန်းတင်​​ပေးနိင်​တဲ့သူဖြစ်
ပါ​စေ။အ​ရေးကြီးဆုံးကလူဆိုတာတိရိစ္ဆာန်​​တွေ
မဟုတ်​လို့အချင်းချင်း မကိုက်​မိပါ​စေနဲ့။
တစ်​ချို့လူ​တွေဟာတိရိစ္ဆာန်
ထက်​ဆိုးပါတယ်​။ ခြ​သေ့င်္တစ်​​ကောင်​ဟာ
သား​ကောင်​ကိုစားပြီးဗိုက်​ဝ​သွားရင်
အခြားအ​ကောင်​ ဝင်​စားလဲမနာလို မဖြစ်​ပါဘူး။
အ​နှောင့်​အယှက်​မ​ပေးပါဘူး။ လူအချို့က​တော့ပါးစပ်​ထဲမှာလည်းပလုတ်​ပ​လောင်း
ရှိသမျှကိုလဲ ​ခြေ​တွေလက်​​တွေနဲ့ဖိပြီး
ငါ့ဟာတွေဆိုပီး လုပ်​ထား
လွတ်​​နေတဲ့မျက်​စိကမြင်​​နေရတာကိုလည်း​သူ့ဟာဆိုပြီး ခြိမ်း​ခြောက်​ထားသူ​တွေ ရှိ​နေပါ
တယ်​။လူစိတ်​ကင်းမဲ့သူ​တွေလို့ဆိုရမှာပါ။
သူများတကာအကျိုးပျက်​စီးရာ
ပျက်စီး​ကြောင်း ဆုတ်​ယုတ်​ရာ ဆုတ်​ယုတ်​​​ကြောင်း
ကို​ တွေး​တော ကြံစည်​ ပြုမူသူ​တွေဟာ
မင်္ဂလာမရှိတဲ့သူ​တွေပါ။
ထိုသူများကို မင်္ဂလာ ကျက်​သ​ရေမရှိသူ​တွေလို့
ဆိုရပါလိမ့်​မယ်​။ ဒါ​ကြောင့်​ကျွန်​​တော်​တို့ဟာဗုဒ္ဓ၏ဆိုဆုံးမမှုနှင့်​အညီ မင်္ဂလာရှ်ိသူ​တွေ
ဖြစ်​​အောင်​​နေရပါလိမ့်​မယ်​။ မင်္ဂလာရှိသူတွေများတဲ့
အရပ်​ဟာမင်္ဂလာရှိတဲ့ အရပ်​ဖြစ်​မှာ​ပေါ့။
အမင်္ဂလာအရပ်​​တော့
  မဖြစ်​သင့်​ပါဘူးလို့ဆိုချင်​ပါတယ်။*****

No comments:

Post a Comment